Friday, February 5, 2010

ထုံ သွားတဲ့ ည...

Emo Myspace Comments

အမှား မကင်းခဲ့ပါဘူး
ဒါပေမဲ့....
မြား အစင်းစင်း ဆူးသလိုမျိုး
လက်ညှိုးတွေ ကိုယ့်ဘက်
အဆိပ်တက် ဖျားနာ
ကိုယ်ဟာ...သက်ရှိ ပစ်မှတ်တခု ဖြစ် ဖြစ်သွားတယ်.....။

ကြာတော့လည်း....အရှုံးတွေ ထဲမှာ
ပြုံးပြုံးလေး ကျင့်သားရ
ကုန်းရုန်းလို့ ထ ရပ်လိုက်တိုင်း
အဆင်းမှာ ဝိုင်း တွန်းချကြဖန်များလာတော့
သန်းကောင်ယံည အမှောင်တွေဟာ
ကြောင်တောင်ကန်း တယောက်အတွက်
ဟာသ တပုဒ်ထက် မပိုနိုင်တော့ဘူး....။




Image source : Myniceprofile.com

14 comments:

  1. အဆင်းမှာတွန်းချမှတော့ ဂေါ်လီလုံးလို သေပြီပေါ့ကွယ်...
    ခွိ.. ကဗျာဘာမှန်းမသိလိုက်.. ပုံထဲက ကောင်မလေးရဲ့လက်ကို
    အတင်းဆွဲဖယ်ချလိုက်ချင်တော့တယ်.. :PP
    ( ဟိ စတာနော် တီတီကြည်.. ချိတ်အချိုးရဝူးးးး)

    ReplyDelete
  2. မမ ကဗျာလေး လှလိုက်တာ။

    ReplyDelete
  3. ကောင်မလေးနယ်လှချက်။

    ReplyDelete
  4. တခါတလေကျတော့လဲ ဒါမျိုးတွေကို ဂရုမစိုက်ဘဲ သတ္တိရှိဖို့လိုမယ် လို့ ထင်တယ်။ ကြိုးစားပြီး အားပေးသွားပါတယ် မမရေ..

    ReplyDelete
  5. မျက်မှန်တပ်ထားတောင် ကြောင်တောင်ကန်းတုန်းပဲလား

    ReplyDelete
  6. မကြီးအေးရေ...
    ကြာတော့လည်း...အရေထူသွားတတ်တဲ့သဘောလေးပေါ့နော်....း(
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  7. ကဗျာလေးရော ကောင်မလေးကိုရော
    ရောပြီးခံစားသွားတယ်
    အဆင်းမှာဘယ်လောက်ပဲတွန်းချပစေ
    စိတ်သစ်လူသစ် ပြန်လည်မတ်နိုင်ပါစေနော့်

    ReplyDelete
  8. ဟာသက ရယ်လည်း မရယ်ရပါလား...

    မယ်၉ ပြောသလိုပဲ ကဗျာလေးက လှ........... တယ်

းဝ)

    ReplyDelete
  9. မြှားတွေ ဒီလောက်စိုက်နေတာ ဆေးရုံသွားဝူးလား..ဟီးး ၁၉၉ ခေါ်ပေးရမလားဟင်။
    နောက်တာ! မျက်စောင်းထိုးပြီး နှုတ်ခမ်းကြီးစူနေမှာစိုးလို့။
    လစ်ပြီဗျို့..။

    ReplyDelete
  10. တွန်တွန်၊ ညီမ မယ်ကိုး၊ မမကွန်၊ချိုသင်း၊ကိုကျီးကျောက်၊ဏီလင်း၊နိုင်းနိုင်း၊ ကလူထွေး နဲ့ မောင်မိုး...မှတ်ချက်ရေး အင်အားပေးသွားတဲ့ အတွက် ကျေးဇူး ကုဋေပါ...:))

    ReplyDelete
  11. ကဗျာလေးက ကောင်းတယ်အစ်မရေ..တကယ်ပြောတာ။ ကျွန်တော်လည်းအရှုံးတွေထဲမှာ ကျင့်သားရခဲ့တာကြာပြီ..ဒါပေမယ့် မချိပြုံးတောင် ပီပီပြင်ပြင်မပြုံးနိုင်သေးပါဘူး အစ်မရယ်..

    ReplyDelete
  12. ဟိ ကာတွန်း(craton) က ပြောတယ် လက်ကို ဆွဲဖယ်မယ်တဲ့ ဖလား ဖလား ကြက်သီးထ တာ ညည်းဘာလုပ်မလို့တုံး အေ

    မမ လာနောက်သွားတယ်နော်ချိတ်ချိုးနဲ့ အာဘွားးးးး ရှလူးးးးးး ဟိဟိ

    ReplyDelete
  13. ကောင်းလိုက်တာ ဗျာ မြောက်ပြောဖူးနော်
    အစ်မကဗျာလေး မိုက်တယ်ဗျာ ဒါမျိုးလဲရတာပဲ အားကျလိုက်တာနော်

    ReplyDelete
  14. အစ်မရေ..
    ကဗျာလေးကချစ်စရာ..။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...