Wednesday, February 3, 2010

ကိုယ့်အကြိုက်....(ကြွားစိန်)

ပြောလို့ပြောတာ ဟုတ်ပါဘူး...ဘလော့ဂ်ရေးလာတဲ့ သက်တမ်း ၃လ နီးပါး...ပို့စ်ပေါင်း ၅၀ နီးပါးမှာ ဒီပို့စ်ရေးရတာ အားအရဆုံးပဲ...ကျေးဇူးအရမ်းတင်တယ်...ရှဲ့ရှဲ့နီ...ပေါက်ရေ....

ပြောပါရစေအုံး...ဒါအကုန် မှုတ်သေးဘူး...ကျန်သေးတယ်...တော်နေကြာ...ပါတ်တူး တင်နေရမစိုးလို့ ဘရိတ်အုပ်ထားလိုက်တယ်...တချို့...ရွာကိုပြန်ပို့ပေးလိုက်တယ်...နာဂစ်တုန်းက ရှင်းလိုက်သေးတယ်...မချုပ်ရသေးတာတွေ ရှိသေးတယ်...။ လူချစ်လူခင်များသူ ဆိုတော့ကာ လက်ဆောင်ပေးသူတွေကလည်းများ...။ ပိုးချိတ်လေး ၂ထည် မှတ်မှတ်ယယ ဝယ်ဝတ်ဖူးတယ်၊ ၂ထည်လုံး အဖြူခံ၊ အဖြူခံပေါ်ရောင်စုံလေး တထည်၊ ပုလဲရောင်ခံပေါ် သံပုရာခွံစိမ်းရောင် ချိတ်လေးရယ်။ မရိုက်ပြနိုင်တာက ရွာမှာထားခဲ့လို့။ ထမီကို ကြိုက်ပေမဲ့ ဝလာလို့ ဝမှန်းမသိစေတာက ဆိုးတယ်။ အဲဒီတုန်းကတော့ စလင်းဘော်ဒီလေးပါ...ယုံကြပါ...။

ကျမ ထမီ စဝတ်တတ် ကတည်းက အမေ့လုံချည်တွေ ယူဝတ်ခဲ့ရတာ ဆိုတော့ ၄တောင် မိုက်လျော့ကွင်းက စဝတ်ခဲ့တယ်။ ခုလည်း ၄တောင် မိုက်လျော့ကွင်း ပါပဲ။ အမှတ်ရနေခဲ့တာက အရေးအခင်းတုန်းက အဖွားရဲ့ ဘရိုကိတ်တွေ၊ တူတယ် လုံချည်တွေ ကျမ ယူဝတ် ပစ်တာ အဆင်ကုန် ပါပဲ။ နောက်ဆုံး အဖွားရဲ့ ရင်ဖုံး ကွင်းတပ်အင်္ကျီတွေ ယူဝတ်လို့ အဖွားက ဖွက်ထားရတဲ့ အထိ...။

ကျမ တက္ကသိုလ်တက်တဲ့ တလျောက်လုံးလည်း ရင်ဖုံး၊ ရင်စေ့၊ ကော်လာထောင်၊ ကျယ်သီးစေ့ကွင်းတပ် တွေပဲ အဝတ်များခဲ့ရတာ၊ ထမီဆင်ဆန်းလေးတွေကြိုက်တယ်၊ အမျိုးသား ရခိုင်လုံချည်တွေ အထက်ဆင်တပ် ဝတ်ဖူးတယ်။ ထူထူထဲထဲ နဲ့ ဝတ်ရတာ ကြိုက်တယ်။ ဝတ်တော့ မြန်မာလို၊ အဲဒီတုန်းက ဆံပင်ကျောလယ်နဲ့မို့ လိုက်ဖက်သလိုပါ၊ ဒါပေမဲ့ နေတာထိုင်တာက ကျားကျားယားယားနဲ့ လမ်းလျောက်ရင် ခုန်ဆွဆွနဲ့ဆိုတော့ မြင်ယောင်သာ ကြည့်ကြပါတော့......။

ကဲ...အပြောတွေလျှော့လို့ ကျမပိုင်သမျှလေးတွေ ကြည့်လိုက်ကြပါအုံးနော်...

ဒါက အိမ်နေရင်း ဝတ်လေ့ရှိတဲ့ ချည်လုံချည်လေးတွေ...အန်တီ (သူငယ်ချင်းရဲ့ အမေ) ပို့ပေးတာ...ကျမကတော့ ဆင်ညိုတော်လေး မှီရင်း ကြံစုတ်ရတာပေါ့....


နို့စိမ်းလေးက ဘာသားခေါ်လည်း မသိဘူး ထူထူမွမွလေး...ကျန် သုံးထည်က ချည်ထည် အပွင့်ကလေးတွေ၊ ချိတ်-ဘတ်ကယ် နဲ့ ပေမဲ့ လုံချည်လိုပဲ နှစ်ထပ်ဆိုတော့ ဝတ်လို့ကောင်းပါတယ်...ရွာပြန်တုန်း ကိုယ်တိုင်ရွေး ဝယ်ချုပ်ခဲ့တာ...


အဖြူခံပေါ် ဒေါနစိမ်း အပွင့်လေးရယ် နဲ့ အနက်ပေါ် ဗေဒါ-အစိမ်းပွင့် ပြောင်ပြောင်လေးက တမီတာကို ၆ ဒေါ်လာ စလုံးက အာရပ်လမ်းက ဝယ်ပြီး ရွာအပြန် ချုပ်ခဲ့တာ...၊ ကျန်တဲ့ အပျော့စ လေးတွေက အမေ ဝယ်ပေးတာ...အင်္ကျီနဲ့ ဆင်တူ သင်္ကြန်မိုးအင်္ကျီပုံလေးတွေ...


ကိုယ်တိုင်ဝယ်တာ နှစ်ထည် လက်ဆောင်ရတာ နှစ်ထည် (အလယ်က မနောတိုင်လေး နဲ့ နှစ်နံစပ် အညိုလေး၂ထည်က ဝယ်တာ)


ဘေးစွန်က အနက်ခံပေါ် ဆနွင်းမကင်းကွက်လေးပဲ ဝယ်ရတာ ကျန်တာ လက်ဆောင်ရတာ...


အလယ်နှစ်ထည်က လက်ဆောင်ရတာ...ဘေး နှစ်ထည်က အမေ ဝယ်ပေးတာ


ဒီပတ်ထမီလေး ၄ထည်လုံး လက်ဆောင်ရခဲ့တာပါ...မီးခိုးပေါ် အောက်နားအပွင့်ကလေးနဲ့က အင်္ကျီ နဲ့ ဝမ်းဆက် တံဆိတ်က Hers ပါ



ဒီလုံချည်လေး နှစ်ထည်က ကျမ အကြိုက်ဆုံး အင်းလေးဆင်လေးတွေ၊ ကိုယ်တိုင်ဝယ်ခဲ့တာ...အိအိထွေးထွေးနဲ့ ဝတ်လို့ အရမ်းကောင်းပါတယ်...



ဒါက အင်းလေးဆင် ထမီလေး နှစ်ထည် နဲ့ တွဲဝတ်လေ့ရှိတဲ့ အင်္ကျီလေးတွေပါ...အဆင်သင့် ရှိတာနဲ့ ရိုက်တင်လိုက်ပါတယ်...ခရင်မ်ရောင်လေးက အမေနဲ့ တူတူ ဗိုလ်ချုပ်ဈေးမှာ ချုပ်ခဲ့ပြီး ခရမ်းရောင်လေးက Hers က ဝယ်ခဲ့ပါတယ်



ဒီပို့စ်ကို သူငယ်ချင်း ရွှေစင်ဦး၊ ညီမ အင်ကြင်းသန့်၊ ညီမ ပုံရိပ်၊ ညီမ ယွန်းလေး၊ မငယ်နိုင် နဲ့ ညီမငယ် ရွှေပြည်သူ တို့ကို ဆက်လက် တက်ဂ်ချင်ပါတယ်...။ အားတဲ့အချိန်လေးတွေမှာ ရေးပေးကြဖို့ပါနော်... :))


ဘဝအမောတွေ ပြေကြပါစေရှင်...



*** ဒီပို့စ်ကို ရေးချင်လွန်းလို့ကို ပေါက်ကို တက်ဂ်ပို့စ် လုပ်ခိုင်းတာ...။ မြန်မာမိန်းကလေးတိုင်း ထမီလေးတွေ ကြိုက်ကြတာ...အခွင့်မသာလို့သာ အမြဲမဝတ်ရင် ရှိရမယ်။ ကျမကတော့ ပျော်တယ် ကျေနပ်တယ်...ထမီလေးတွေ ခမျာလည်း ခုလို ပွဲထုတ်မှ လူလူသူသူ ဘလော့ဂ်ပေါ် တက်ရရှာတာကလား ...။ အမြဲတမ်းကြီး ဘီရိုထဲနေရ ပျင်းရှာရော့မယ်လေ။ တသက်နဲ့တကိုယ် ထမီလေးတွေချည်း ခုလို ရိုက်ထားဖို့ မတွေးခဲ့မိဘူး ။ ခုတော့ တခုတ်တရ လေး အမြတ်တနိုးထားပြီး ဓါတ်ပုံရိုက် တင်လိုက်လို့ သူတို့လဲ ပျော်ကြရှာမှာ...။ လက်ဆောင် ပေးထားတဲ့သူတွေလည်း ကျမ တန်ဘိုးတထား သိမ်းထားမှန်း သိရင် ကြည်နူးကြရှာပေမယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်...။

37 comments:

  1. မမ...
    ခုနလေးမှ ညီမလေးတစ်ခေါက်ရောက်ခဲ့တာလေ...ပြီးတော့ ညီမလေးက မမရွှေစင်ဆီကို စာသွားဖတ်တာ ...မမရွှေစင်ကို တက်ဂ်ထားတယ်လို့ မမက ရေးထားတာတွေ့တော့ ...အခုန စာလာဖတ်တုန်းက မတွေ့မိပါဘူး အခုမှ ပိုစ့်အသစ်တင်တာလားမသိဘူး...သွားကြည့်လိုက်ဦးမယ်.....
    ဆိုလာတာ ကွိ...ခနဲ ကိုယ်ပါတက်ဂ်နဲ့ တဲ့တဲ့တိုးသွားတယ်...ဟီးးးးးးးးးးးး
    ညီမလေးကို သတိတရ တက်ဂ်ပေးလို့ မမကို အရမ်းကျေးဇူးတင်ပါတယ်...ကြိုးစားပြီး ညီမလေးရေးပေးမယ်နော်...

    ညီမလေး
    အင်ကြင်း

    ReplyDelete
  2. ခုတလော ပျောက်နေတဲ့ ညီမကို သတိတရ တက်ဂ်တာ အရမ်းကျေးဇူးတင်ပါတယ် မမချစ်ကြည်အေး။ အရှေ့က တက်ဂ်အကြွေးလေးတွေ ကြေတာနဲ့ ချက်ချင်းရေးပေးမယ်နော် မမ။ မြန်မာလုံချည်လေးတွေ ကြိုက်တာချင်းတူလို့ သဘောတကျ ငေးမောသွားပါတယ်။ မမ တက္ကသိုလ်တက်တုန်းက ပုံစံလေးလည်း မြင်ဖူးချင်လိုက်တာ။ အဲဒီတုန်းကလည်း လှမှာ...

    ReplyDelete
  3. စောရနက္ခတ်ယှဉ်တဲ့လ မဟုတ်ပေမဲ့
    ဒေါ်ချစ်ကြည်လုံချည်တွေ ကျီးမနိုးခင် သွားရုပ်ချင်တော့တာပဲ

    ReplyDelete
  4. ကျောင်းတက်တုန်းကလေ.ပိတ်စသွားဝယ်ရင် အစ်မညီမအလတ်ကို အမြဲရွေးခိုင်းရတယ်။
    သူရွေးတဲ့အဆင်လေးတွေက သိပ်လှတာပဲ။ အစ်မတို့ညီအစ်မတွေ စလင်းဘော်ဒီဖြစ်ရုံမက ကိုယ်လုံးလှတယ်..ဆိုတာ..ထောက်ခံပါတယ်။ ဟိဟိ
    mm

    ReplyDelete
  5. မချစ်ကြည်အေး ထမိန်တွေ အများကြီးပဲ အရမ်းလှတယ်။ ၀တ်ကော ၀တ်ဖြစ်ရဲ့လား။ ကျွန်မကို tag ထားတယ်ဆိုတော့ ကျွန်မမှာ တမိန် ဒီလောက်အများကြီးမရှိဘူး။ ကျွန်မက လမ်းလျှောက်သိပ်မြန်တော့ ထမိန် ၀တ်ပြီး လမ်းလျှောက်ရင် ထမိန်စ ခဏခဏ ရွဲကျတတ်လို့ ထမိန်ကို ဘုန်းကြီးကျောင်းနဲ့ တချို့ အလှူမင်္ဂလာ (သို့) တခြား အခမ်းအနား တချို့မှာပဲ ၀တ်တယ်။ ပြေးပြေးလွှားလွှားနဲ့ သွားလာလှုပ်ရှားရတဲ့ အပြင်သွားအပြင်လာနဲ့ ကျောင်းသွားကျောင်းလာမှာ ထမိန် ဘယ်တော့မှ မ၀တ်ဖြစ်လို့ ထမိန် သိပ်မ၀ယ်ဖြစ်ဘူး။ ဒါပေမဲ့ tag ထားတယ်ဆိုတော့လည်း ရှိတာလေး ထုတ်ကြွားရသေးတာပေါ့။ အချိန်နည်းနည်းတော့ စောင့်နော့်။

    ReplyDelete
  6. ငိုချင်အောင်ပဲ ကြွားခဲ့သလား မရယ်၊
    များဆီမရှိပါဘူးဆိုမှ၊
    အင်းလေးတွေ၊ ရခိုင်တွေ၊ ဂန့်ဂေါတွေ၊ ယောတွေ တန်ဖိုးမထားမိဘူး၊ သူများတွေကို ပေးလိုက်မိပြီ၊
    ပြန်တောင်းရင် မျက်စေ့စွန်တတ်တယ်ဆို။

    ReplyDelete
  7. လှလိုက်တာ။ အစ်မသီတာ ပြောတဲ့အတိုင်းပဲ။ :)။

    ReplyDelete
  8. မကြီးအေး...
    အဲ့ဒါတွေ တစ်ထည်ဘယ်လောက်ရဲဟင်....း)
    တစ်ညှိုးမထင်နဲ့နော်...
    သဒင်းကျွတ်စ်ကျရင် မေမေ့ကို ၀ယ်ပေးဖို့ဘာာာာ....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  9. လုံချည်ဆိုင်ရောက်သွားသလို ခံစားလိုက်ရတယ်..
    ချိတ်လုံချည်လေးတွေ ကြိုက်တယ်..
    အဖြူခံပိတ်လုံချည်လေးတွေလည်းကြိုက်တယ်..

    ReplyDelete
  10. I really like green color Innlay longyi & blouse. U have many longyi, next time when i go back to mm , I ll buy and keep like you.

    Cheers

    ReplyDelete
  11. ကျနော့်မှာတော့လုံချည်တစ်ထည်ပဲရှိတယ်
    အမေ့လုံချည်အဟောင်းလေး...
    အမေ့ကိုယ်စားဆောင်ထားသိမ်းထားချင်လို့ တောင်းလာတာ ဟိဟိ...

    ReplyDelete
  12. အမ တချက်ခုတ်နှစ်ချက်ပြတ်အောင် ဗီရိုရှင်းရင်း ပို့စ်ရေးလိုက်တာလား :D

    ReplyDelete
  13. ဆိုင်ရှင်တို့..ဆိုင်ရှင်တို့.. ဗျို.. လုံခြည် ၀ယ်ချင်လို့။ လျော့ဈေး နဲ့ ရမယ် ဆိုလို့...း)

    အောက်ဆုံး အထက်ပုံက.. လက်ဝဲဖက် စွန် မဲတဲတဲလေး ၂ ထည်ပဲ ကြိုက်တယ်...။း)

    ReplyDelete
  14. ဟယ်...အများကြီးပဲ..ငေးသွားတယ်။ :)

    ReplyDelete
  15. လှလိုက်တာတွေ ... လှလိုက်တဲ့ အဆင်လေးတွေ ... အားကျပါသည်။ အန်တီသက်ဝေက တက်ဂ်ထားတယ်။ လာငှါးပြီး ရေးပလိုက်မယ် ...

    ReplyDelete
  16. ဟွန့်... သူ့မှာ ကြွားစရာရှိလို့ ပျော်နေလိုက်တာ...
    နာလိုဘူးနော်...း((
    ဟို... ဆင်ညိုတော်လေး ဆိုတဲ့တယောက်ကို ပြောလိုက်ပါ...
    Inner Circle ဆိုတာ ဘာလဲ.. သိလားလို့...

    ReplyDelete
  17. အော်..ကိုချစ်ဖေသာ ဒီလိုမျိုးလေးရေးပါဆို..ပုဆိုးစုတ်လေး ၂ ထည်ကိုပဲ ဓါတ်ပုံရိုက်တင်ရတော့မှာပဲ..ဟဲ..ထမီလှလှလေးတွေတွေ့တော့ အမေ့ကို သတိယသဗျာ..(ဟုပြောဆိုသွားပါသည်.. ဟဲ)

    ReplyDelete
  18.်အင်ကြင်း၊ ရွှေပြည်...အားမှရေးပါ ညီမရေ...ရပါတယ်....:)
    သီတာရေ...အကုန်သာရုပ်သွား...နောက်မှဝေစု တဝက်လာခွဲမယ်...:) ညီမမွန်ရေ...အိမ်ကိုလာလေ့ရှိတဲ့ အငယ်မ သူငယ်ချင်းတွေကို အမတို့မှတ်မိနေတုန်းပါ၊ငယ်ရုပ် သိတ်မပျောက်ရင်ပေါ့..ခုလဲ မှတ်မိမှာပါ...:) မငယ်ရေ...အေးအေးသာရေးပါနော်...ဘုန်းကြီးကျောင်းသွားတဲ့အခါ ၊ အလှုတရားပွဲသွားတဲ့ အခါတွေမှာဝတ်ဖြစ်ပါတယ်...:)
    ပြုံးပန်းရေ ငိုတော့ မငိုပါနဲ့ဟယ်...ပုံမပါလဲ ရှိခဲ့ဖူးတာလေးတွေ အကြောင်းပဲရေးပေါ့....:)
    ကြိုက်တာသာယူသွား PN ရေ...:)
    ဏီလင်းရေ...အမလုံချည်တွေက ၄-၅ ထောင်လောက်ပဲ ရှိပါတယ် အမေအတွက်ဆိုရင်တော့ မဝယ်တတ်ရင် ရွာပြန် လိုက်ဝယ်ပေးမယ်လေ...လေယာဉ်ခပဲစိုက်....:)
    မျိုးနဲ့ အကြိုက်တူတယ် တို့လည်း အဖြူခံလုံချည်တွေ ပိုကြိုက်တယ်...:)
    Anonymous ရေ...အားပေးတယ် လုံချည်ကတော့ ဝတ်တာ မဝတ်တာထက် သိမ်းထားရတာကိုပဲ ကြိုက်လှပြီ....:)
    Vista ရေ...တထည်ရှိတာ...လုံးဝမရှိတာထက် တော်သေးတာပေါ့ဟယ်...:)
    ပီတိရေ...ပြင်ညာရှိများ တွေးကြည့်ရုံ နဲ့တင် မှန်ပါ့....:)
    ကေ ကြိုက်တဲ့ အထည်တွေက လက်ဆောင်ရတာ...တဝက်ဈေး ဟုတ်ဖူး အလကားသာယူ...စတိ ၁ကျပ်တော့ပေးခဲ့....:)
    ဇွန်မိုးစက်ရေ...ငေးရုံပဲလား...ယူသွားပါအုံးလေ...:)
    ဆွိ ရေ ...ရတယ်...လာယူ...ပြောင်းပြန်လှန်ပြီး ရိုက်တင် ပစ်လိုက်...:)
    မယ်သက်ရေ...In..Inner...Innest လေ...တို့က အင်းနက်စ် ကြီးဆိုတာ မမေ့နဲ့ ဟွန်း ဟွန်း :)))
    အကိုချစ်ဖေ...ကြော်ငြာ ဝင်သွား၏....:))

    ReplyDelete
  19. အထည်တန်းထဲ ရောက်ခဲ့ပါတယ်။ ဘလော့ပေါ်မှာ ထမိန်လေး တွေရောင်စုံတင်တာ အမက ပထမ ဖြစ်မယ်ထင်တယ်နော် :)
    စာလည်းရေးရင်း ပျော်လည်းပျော်ရတာ ကောင်းတယ်။

    ReplyDelete
  20. ကျေးဇူးပဲ ကိုမြစ်ကျိုးရေ...လိုတဲ့အထည်ရှိရင် ပြောလေ...ကျမ ပထမ ဟုတ်ဖူးရှင့်...ညီမပေါက်ရဲ့ တက်ဂ်ပို့စ်ပါ...:))

    ReplyDelete
  21. သူငယ်ချင်း
    ချစ်ကြည်အေး ရေ တက်ဂ် ထားတယ်ဆိုလို အခုမှ လာဖတ်ရတယ်၊ သူငယ်ချင်း အတွက် ရေးပေးချင်ပါတယ် ဒါပေမဲ့ အဟင်း..ဟင်း စုစုပေါင်း ထမီ က အင်း..ရှက်စရာ တွေတော့ ဖြစ်ကုန်ပြီ အ..ဟဲ သဘောပေါက် ပါတော့နော်

    မဲပေးခဲ့ တယ် ဆိုလို့ ကျေးဇူးတင်ပါတယ် ကိုကြီးကျောက် ကြီးက မနာလို ဖြစ်နေအုန်းမယ်နော် သတိလဲထားအုန်း တော်ကြာ ..ပိုင်ရာ..ပိုင်ရာ တွေ လွှတ်နေအုန်းမယ်

    သူငယ်ချင်း
    ရွှေစင်ဦး

    ReplyDelete
  22. အပွင့်နုတ်နုတ်လေးတွေနဲ့..
    မနောတိုင်ပါတဲ့ ရိုးရာလုံချည်လေးတွေ သိပ်ကြိုက်တာ မမရေ..
    မြန်မာဆန်ဆန်ဝတ်ပြီး ကိုယ့်ကိုကိုယ် သိပ်သဘောကြတယ်မမရေ..။
    မမလုံချည်လေးတွေ လှလိုက်တာ..

    ReplyDelete
  23. ထမိန်တွေ လာကြည့်တာ ဟာ ကနဲ ဖြစ်သွားတယ်။ လှလိုက်တာ မမရေ..
    မီးခိုးမှာ အပွင့်လေးနဲ့ Hers တံဆိပ် ဆိုတာလေးရယ်၊ အဲဒီအပေါ်က အမေ၀ယ်ပေးတယ်ဆိုတဲ့ မီးခိုးချိတ်လေးရယ် အမွေပေးခဲ့ပါ။ :))

    ReplyDelete
  24. ရေးထားတာ အားရပါးရ ချစ်စရာ။

    ReplyDelete
  25. ဟယ် သူ့မှာ ချည်ထမီလေးတွေအများကြီးပဲတော့...နာလိုဘူး

    ReplyDelete
  26. ဟိုက် (ပါးစပ်ကြီး ဟ လျှက်) များလိုက်တဲ့ လုံချည်တွေ အမရေ
    ဟီးးး သမီးကတော့ အရင်က ပိန်တော့ ဝတ်တယ် လှပါရဲ့ အခုနောက်ပိုင်း ဝ လာတော့ဘယ်လိုမှ မလှတော့ဘူးလေ ဒါကြောင့် မဝတ်တော့ပါ ဟဲဟဲ
    ကြိုက်ပါ၏ သို့သော်ငြားလဲ ဟိဟိ ပေါ့ နော်

    ReplyDelete
  27. မိန်းမအတွက် သေချာကြည့်သွားရမယ်။ ထမိန်ဆို အထက်ဆင်ပါပြီးရောလို့ ထင်ခဲ့တာ။ တော်တော် ရှုပ်တဲ့ ထမိန်တွေပဲ။

    ReplyDelete
  28. လှလိုက်တဲ့ထမီလေးတွေ..မရေ...လိုချင်လာပြီနော်...အဟင့်..ဒီမှာ မြန်မာထမီတစ်ထည်ကို ဒေါ်လာ၅၀တဲ့ သိပ်များများ ၀ယ်မ၀တ်နိုင်ဘူး
    ခုလိုလေးတွေတွေ့ တော့ ကြိုက်လိုက်တာ အဟိ..တဂ်ထားတော့လည်း မရှိ
    ရှိတာလေးထုတ်ကြွားရဦးမှာပေါ့...ရေးပေးမယ်နော်..မကြာမီ...လာမည်
    မျှော်..........

    ReplyDelete
  29. i want all of ur longyis .

    ReplyDelete
  30. လုံချည်လေးတွေပြန်လာကြည့်သည်. ကြိုက်လို့။

    ReplyDelete
  31. ဘီရို ရှင်းနေတာဆို.. ဟုတ်လား...

းဝ)

    ReplyDelete
  32. လုံချည်လေးတွေကလှတော့လှပါရဲ့ မော်ဒယ်မပါတော့ ကြည့်ရတာ သိပ်အဆင်မပြေဘူး..ကိုယ်တိုင်ဝတ်ပြီး ရိုက်ပြရောပေါ့ အစ်မရယ်... :)

    ReplyDelete
  33. မချစ်ကြည်စတင်ကတည်းက လာကြည့်ပြီးပါပြီ။။
    ဒါပေမယ့်...မမန့်မိတာ..မသိလိုက်ဘူး..
    နံပါတ်..၄..၅..၆..ပုံက အဆင်တွေ အသားတွေ
    ကို ပိုကြိုက်ပါတယ်..။။
    စွန့်မဲ့တစ်နေ့ကျ..ဒီကို စွန့်ပေးပါနော်..ဟီးး။။
    မချစ်ကြည်ကြောင့်...ချစ်ရတဲ့..ညီအမများရဲ့
    သိမ်းထားတဲ့ပစ္စညိးတွေ..ကြည့်ခွင့်ရတာ..နည်းလား။။
    ဟီးး

    ပေါက်
    (အလုပ်တကယ်ရှုပ်နေသူ)

    ReplyDelete
  34. လုံချည်လေးတွေလှတယ်ဗျာ
    မိန်းမယူမှပဲဝယ်ဝတ်ခိုင်းရမယ်

    ReplyDelete
  35. I like the last two so much.
    But I dont want to wear MM Longyi.
    :)

    (Sorry for my English comment. not convenience to type MM font.)

    ReplyDelete
  36. ဒီပို့စ်လေးကို ဒုတိယအကြိမ်ဖတ်ခြင်းပါ။
    ရုံးကစက်မှာ ကွန်မန့်ပေးလို့မရလို့ အခုဆိုင်က သုံးနေတုန်းပေးခြင်းပါ။
    ဘာကြောင့်အဲ့လိုဖြစ်လည်းစဉ်းစားလို့မရပါဘူး အစ်မရယ်။
    မြန်မာဖြစ်ထမီလေးတွေကို နှစ်နှစ်သက်သက်ဝတ်ဖြစ်ပါတယ်။
    ဘေးအစွန်အနက်ခံလေးပေါ်က ဆနွင်းမကင်းကွက်ဖော်ထားတဲ့ ထမ်ီလေးလည်း မြသွေးနီမှာရှိပါတယ်ရှင်။

    ReplyDelete
  37. မမချစ်ကြည်အေးရေ... ဒီ Tag လေးကို ခုမှရေးပေးနိုင်လို့ ထပ်တောင်းပန်ပါတယ်နော်။ သတိတရ Tag တာကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပို့စ်လေးကို ဒီမှာ ဖတ်နိုင်ပါတယ်နော် မမး)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...