Friday, January 22, 2010

ပန်းကလေး ငါးပွင့် အတွက် မြေဆီဩဇာ

ကျမ ဒီပို့စ်ကို ရေးဖို့ စဉ်းစားနေတာ ကြာပေါ့။ ဘယ်လိုလေး ရေးလိုက်မယ် ဆိုပြီးတော့လည်း ဖရိန်ချထားပြီးသား...ခက်နေတာ ကျမက အဲလို အတည်ပေါက် ရေးရမဲ့ ပိုစ့်တွေဆို လက် သိတ်နှေးတာ။ ကျမ အကြိုက် ပေါက်တတ်ကရများ ရေးရမယ်ဆို လက် စက်တပ်ထားသလို..

ခုတလော ကြားနေရတဲ့ မြတ်စွာဘုရား နဲ့ ဗုဒ္ဓဘာသာကို ထိပါး စော်ကားစွာ ရေးထားတဲ့ ဘလောဂ့်အကြောင်း ပါ။ တော်တော်များများ သွားဖတ်ကြပြီးတဲ့အခါ အဲဒီ ဘလော့ဂ်ပိုင်ရှင် ဟာ ဗုဒ္ဓဘာသာဝင်တွေကို အမျက်ဒေါသ သင့်အောင် တမင် ထိုးနှက် ရေးသားထားတာမို့ သွားဖတ်မနေပါနဲ့တော့ လို့လည်း တချို့က တားမြစ်ကြပါတယ်

သွားကြည့်လိုက်ပါ အုံးနော် ဆိုရင်တောင်မှ သွားချင်မှ သွားကြည့်ဖြစ်မှာ။ လူ့စိတ်ဆိုတာကလည်း တားတာ ကိုမှ လုပ်ချင်တာ ဆိုတော့ကာ ကျမ ကြည့်ဖြစ်အောင် သွားကြည့်လိုက်ပါတယ်။

အဲဒီ ဘလော့ဂ်ပိုင်ရှင်ဟာ ရေရေလည်လည်ကို မိုက်တာ၊ မိုက်တာမှ ဒေဝဒတ် မိုက်နည်းလေး နဲ့ပါ။ ထားပါလေ သူ့ရွေးချယ်မှု နဲ့ သူ ဘာမှ စောဒက တက်စရာ မရှိပါဘူး။

ဪ...မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိလို့ကတော့ အောင်ခြင်း ၉ ပါး ဖြစ်သွား နိုင်တယ်လို့ တောင် တွေးမိသေးတယ်။

နောက်တခုက Jan ၁၂ ရက်နေ့ထုတ် The New Paper မှာ ဖော်ပြထားတဲ့ မှုခင်းသတင်း တပုဒ်ပါ။

အိန္ဒိယနိုင်ငံသား ကုလား Reddy ဟာ တနေ့မှာ Missed call ပြန်ခေါ်ရင်း သီရိလင်္ကာ နိုင်ငံသူ Devi ဆိုတဲ့ အမျိုးသမီး တယောက်နဲ့ သိကျွမ်းခဲ့ ပါသတဲ့။ အဲဒီ ကုလား အကင်းပါးပုံကတော့ Devi က သူ့ကို ရှင်ဒီည Geylang ကိုသွားမှာ လားလို့ မေးတာနဲ့တင် သူမဟာ ပြည့်တန်ဆာမ ဖြစ်တယ် ဆိုတာ သူ သဘော ပေါက်ခဲ့ တယ် တဲ့လေ။

အဲသလိုနဲ့ ချိတ် ချိတ် ချင်း ငြိ ဆိုသလို တညမှာတော့ ဈေးတည့်ပြီး Geylang က Hotel တခုမှာ တွေ့ဖို့ ချိန်းကြ၊ ပြီးတော့ ပျော်ပါးဆက်ဆံခဲ့ကြတယ်။

နှစ်ခါ ဆက်ဆံပြီးကြလို့ ကိုယ်လက်သန့်စင်ပြီးကြတဲ့ အခါမှာ ကုလားက နောက်တခါ အဆစ်တောင်းသတဲ့။ ဒါနဲ့ Devi က ပိုက်ဆံထပ်ပေးဖို့ပြော တဲ့အခါ ကုလားက မပေးနိုင် ဘူးပေါ့၊ Devi က ဒါဆို Agent နဲ့ တိုင် မယ် ဆိုပြီး ဖုန်းကောက်ဆက်လို့ ကုလားက ဖုန်းကိုင်လက်ကို သူ့လက်တဘက် နဲ့ ချုပ်၊ နောက်တဖက် က Devi ရဲ့ လည်မြိုကို ဖမ်းညှစ်ထားခဲ့တယ်။

တမိနစ် နှစ်မိနစ် လောက်ကြာလို့ Devi လျာထွက်ပြီး ခေါင်းအနောက် လန်ကျတော့မှ သေပြီ လို့ သိပြီး အစဖျောက်ဖို့ လုပ်တော့တယ်။ အစ မဖျောက် ခင်မှာ Devi ရဲ့ ပစ္စည်းတွေနဲ့ ဖုန်းကို ယူထားလိုက် သေး တာပါ။ နောက်မှ အလောင်းကို မွေ့ယာအောက် အံဝှက်ထဲထည့်ထားပြီး အပြင်ကို ဟန်မပျက် ထွက်သွား ခဲ့တယ်။

ပြီးတော့ တနာရီတောင် မကြာဘူး နောက် ပြည့်တန်ဆာမ တယောက်ကို ထပ်ခေါ်လာပြီး အဲဒီ အခန်း၊ အဲဒီ မွေ့ယာပေါ်မှာပဲ ဆက်ဆံခဲ့ပြန်တယ်။ နောက် ၂ ရက်မြောက်နေ့မှာပဲ သူ အဖမ်းခံ ခဲ့ရတယ်။

သေသွားတဲ့ ပြည့်တန်ဆာမဟာ သေဆုံးချိန်မှာ ကလေး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ကိုယ်ဝန် ၇ လ ရှိနေခဲ့ တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

ဘယ်လောက်များ ရက်စက်ပြီး သွေးအေးတဲ့ ကုလားပါလိမ့်....။

ကျမ ပြောခဲ့တဲ့ ဗုဒ္ဓဘာသာ ကို စော်ကားသူ ဘလော့ဂ် ပိုင်ရှင် နဲ့ လူသတ်ကောင် ကုလား Reddy တို့ ရဲ့ ဖြစ်ပျက်ပုံ ပုံစံချင်း လုံးဝ မတူပါဘူး။ ဒါပေမဲ့ သူတို့ ၂ ယောက် ဘာ့ကြောင့် ဒီလိုလုပ်ရတယ် ဆိုတဲ့ အခြေခံ ချင်းတော့ အတူတူပါပဲ။ အဲဒါ ဘာလဲ ဆိုတော့ ကိုယ်ချင်းစာတရား မရှိတာပါပဲ။

စဉ်းစားကြည့်ရအောင်ပါ။ ဗုဒ္ဓဘာသာ ကို စော်ကားသူ ဘလော့ဂ်ပိုင်ရှင် အနေနဲ့ ငါကိုးကွယ်တဲ့ ဘာသာကို တခြားတယောက်က ခုလိုပဲ စော်ကားလာရင် ငါဘယ်လို ခံစားရမလဲလို့ လုံးဝ မတွေးတာ သေချာပါတယ်။ အဲဒီလိုပါပဲ...ကုလား Reddy ဟာလည်း ငါ့နှမကလေးသာ အခြေမလှလို့ ပြည့်တန်ဆာမ လုပ်စားရတဲ့ အခါ ငါလိုကောင်မျိုးနဲ့သာ တွေ့ရင် ခက်ရချည့် လို့ သူ မတွေးခဲ့တာ၊ နှမချင်း မစာနာတတ်ခဲ့တာ။

ကျမ အလေးအနက် ယုံကြည်ပါတယ်။ လက်နက်ရှိ က လက်နက်မဲ့ကို ၊ အင်အားကြီးသူက အင်အားနည်းသူကို ၊ ပစ္စည်းရှိသူက ပစ္စည်းမဲ့သူကို ၊ ဖိနှိပ်သူက အဖိနှိပ်ခံ လူတန်းစားကို နှိပ်စက်ကလူ ပြုရက်တာတွေ ပြီးတော့ မကောင်းမှု ဒုစရိုက်တွေ အားလုံး၊ စစ်ပွဲတွေ အားလုံး၊ ရင်ထု ငိုကြွေးနေကြရ တာတွေ အားလုံးမှန်သမျှဟာ ကိုယ်ချင်းစာတရား ကင်းမဲ့ကြလို့ပါ။

ဒါကြောင့် ကျမ ရဲရဲ ပြောရဲတယ် ၊လူတွေ ကိုယ်ချင်းစာတရား ကင်းမဲ့ကုန်ကြရင် ဖြင့် ကမ္ဘာကြီးဟာ သိတ်ကို အကျည်းတန်သွားမယ် ဆိုတာပါပဲ။

ငါးပါးသီလဟာ ကျမတို့ လူဝတ်ကြောင်တွေ အတွက် မညှိုး မနွမ်းအောင် စောင့်ထိန်းရမဲ့ ပန်းကလေး ငါးပွင့် လို့ ဆိုရင် ကိုယ်ချင်းစာတရား ကတော့ အဲဒီ ပန်းကလေးတွေ အမြဲ စိမ်းလန်း ရှင်သန် နေအောင် အဓိက အားဖြည့် ပေးနိုင်တဲ့ မြေဆီဩဇာ လို့သာ ဆိုလိုက်ချင်ပါတော့တယ်...။

ကိုယ်ချင်းစာတတ်ကြပါစေရှင်....


16 comments:

  1. မချစ်ကြည်ပြောတဲ့ ဘလော့တွေ..
    သတင်းတွေအကြောင်းကြားရတာ စိတ်မချမ်းသာဘူး။။
    မချစ်ကြည်တို့ဆို ပိုဆိုးမှာပေါ့လေ...။။

    ReplyDelete
  2. စိတ်ပျက်တယ် မမ ရေ အခုတလော အဲဒါတွေချည်းပဲ သူ့အကုသိုလ် နဲ့သူသွားလိမ့်မယ် ဆိုပြီး
    ဘာမှမပြောဘူး အမ ရေ ကိုယ့်အကုသိုလ် ပါမှာစိုးလို့

    ReplyDelete
  3. နိုင်ငံရေးဘက်ကို လူတွေစိတ်ဝင်စားမှုနည်းအောင် ဘာသာရေးနဲ့ လမ်းလွှဲပြီး ပဋိပက္ခဖြစ်အောင် ကြံတတ်ကြတာ မင်းဆိုးမင်းညစ်တွေရဲ့ ခေတ်မှာ မကြာခဏ တွေ့ရတတ်ပါတယ်...

    အင်္ဂလိပ်ခေတ်က "မော်လဝီနဲ့ ယောဂီ" ကြောင့် အထိကရုန်း ဖြစ်ခဲ့ရသလိုပေါ့...

    အဲဒီထဲမှာ ကိုယ်က မျောပါမသွားဖို့ လိုတယ်နော်...

းဝ)

    ReplyDelete
  4. အဲဒီဟာတွေဖတ်ပြီးပါပြီမယ်ချစ်ရယ်..
    သူရေးတာတွေက ဘာမှအရေးအရာမပါ ပါဘူး..
    အလကားအမူးသမား..အရိပ်မြင်ရင်ဆဲနေသလိုမျိုးပါ...
    သူရေးထားတာတွေက စာဖွဲ့လောက်အောင် အဆင့်မရှိပါဘူး

    ReplyDelete
  5. မကြီးအေးရေ....
    ကျွန်တော်လည်းရောက်ခဲ့ပြီးပြီဗျ...
    အဲ့ဒီနေရာလေးကိုလေ....
    တစ်ခါတည်းကို စိတ်ညစ်မိသွားတာ...။
    ဒါပေမယ့်လည်း....သူ့အကြောင်းနဲ့သူပါဗျာနော်...။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  6. တခါတလေကျ ကိုယ့်ဘာသာ သံသယ ဝင်မိတယ်။
    ကျောက်တုံးကြီးလားလို့။

    သူရေးနေတာတွေက မြင်းမိုရ်တောင် ဆီးစေ့နဲ့ ပေါက်သလိုပဲလို့ ယူဆမိလို့ပါ။
    သွားဖတ်လဲ ဘာမှ အရေးမပါတာတွေလို့ပဲ ယူဆမိပါတယ်။

    နောက်တစ်ခုက ခေတ်ပျက်ထဲမှာ ကြီးလာရလို့လားတော့ မသိဘူး။ တခုခုဆို ဒါဟာ ဆင်ကွက်တခုခုဖြစ်နေနိုင်တယ်လို့ပဲ တွေးနေမိပါတယ်။

    ReplyDelete
  7. အခြေအမြစ်ရေးသားထားတာ မဟုတ်တဲ့အပေါ် အရေးတယူလုပ်နေကြရင် ပိုပြီးဆိုးပါလိမ့်မယ်။ ဥပေက္ခာပြုထားတာ အကောင်းဆုံးပါ...။

    “ရန်ကို ရန်ချင်းတုန့်ပြန်တယ်” ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမ မဟုတ်ပါဘူး။

    အထူးသဖြင့် ယုတ်ရင်းကြမ်းတဲ့ စကားတွေနဲ့ တုန့်ပြန်နေကြမယ်ဆိုရင် ဗုဒ္ဓဘာသာအတွက် သိက္ခာကျစေပါတယ်။

    ReplyDelete
  8. ဒီဘလော့ဂ်အတွက် ပြောပြဖို့ရာ စကားလုံးတောင်မရှိတော့ဘူး။ Google Site မှာ Abuse ၀ိုင်းလုပ်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။

    ReplyDelete
  9. ဟုတ်တယ် Xထုံရေ...ကြားရတာ မသက်မသာ ရှိလှတယ်...လာရောက် စာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်...:D
    ညီမ ဝက်ဝံလေး..., ကိုကြီးကျောက်၊ ဏီလင်း တုံ့ပြန်ဖို့ မလိုဘူးလို့ ယုံကြည် မှု တူတဲ့ အတွက် , ကွန်မန့် အတွက် ကျေးဇူးတင်ပါတယ်...:D
    ဟုတ်ကဲ့ ကလူထွေး မျောပါ မသွားအောင် သတိချွန်းအုပ် လို့ ကိုယ်ချင်းစာ တရားလေး နဲ့ နေပါတယ်ရှင်....))
    ညီမလေး ရီတာရေ ဆင်ကွက် တခုခု လို့ တွေးမိတယ် ဆိုကတည်းက ညီမလေးက ကျောက်ရုပ် မဟုတ်တာ သေချာပါတယ်၊ နှလုံးသား ရှိသူမှန်း သိပါတယ်နော်..:))
    oomh ရေ လာရောက် စာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်...နောက်လည်း လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်...))
    အကို ဧရာ စာလာဖတ်တာ ကျေးဇူးတင်လိုက်တာ...ကျမလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်...လူတွေမှာ ပါးလျဆင်းရဲ လာတဲ့ ကိုယ်ချင်းစာတရားကြောင့် ဒါတွေ ဖြစ်ရတယ်ဆိုတာ မီးမောင်းထိုးပြလိုခြင်း သက်သက်ပါ...)
    မောင်မိုးရေ...အမရေးထားတဲ့ ကိုယ်ချင်းစာတရား ဆိုတာက သူဆဲတိုင်း ကိုယ်ပြန်ဆဲဖို့ မဟုတ်ပါဘူးဟယ်...ကိုယ့်ကိုလာဆဲရင် မကြိုက်တဲ့အတွက် သူများကိုလဲ သွားမဆဲဖို့ပါ...သူ အနိမ့်မှာ ရပ်နေတိုင်း ကိုယ်က အနိမ့်လိုက်ဆင်းရပ်ဖို့ လိုမှ မလိုအပ်ပဲလေ...ဘာမှတုံ့ပြန် မနေပါနဲ့နော်...

    ဒီပို့စ်လေးမှာ ရည်ရွယ်ချက် မတူတဲ့ ကျူးလွန်မှု ၂ခု ကိုယှဉ်ပြထားပြီး ဘယ်လို ဒုစရိုက်မှုပဲ ဖြစ်ဖြစ် သေးသေး ကနေ ကြီးကြီးအထိ အားလုံးဟာ အခြေခံ ကိုယ်ချင်းစာတရား ကင်းမဲ့ လို့ ဖြစ်ရတယ်ဆိုတာ ပြောပြထားတာပါ။ စာဖတ်တဲ့သူတွေရဲ့ ရင်ထဲ မရောက်ခဲ့ရင် ကျမရဲ့ ရေးသား ပြသပုံ လိုနေသေးလို့ပါပဲ...အားလုံးရဲ့ အမြင်တွေ အတွက် ကျေးဇူးပါရှင်...:)

    ခင်မင် ရင်းနှီးစွာ / မချစ်ကြည်

    ReplyDelete
  10. အဲဒီဘလော့အကြောင်းတော့ မပြောချင်တော့ဘူး။ စိတ်တိုလွန်းလို့ Facebook မှာ သွားအော်ခဲ့တယ်။ သွားဆဲကြရအောင်လို့။

    ReplyDelete
  11. အမချစ်
    လက်နက်ရှိ က လက်နက်မဲ့ကို ၊ အင်အားကြီးသူက အင်အားနည်းသူကို ၊ ပစ္စည်းရှိသူက ပစ္စည်းမဲ့သူကို ၊ ဖိနှိပ်သူက အဖိနှိပ်ခံ လူတန်းစားကို နှိပ်စက်ကလူ ပြုရက်တာတွေ ပြီးတော့ မကောင်းမှု ဒုစရိုက်တွေ အားလုံး၊ စစ်ပွဲတွေ အားလုံး၊ ရင်ထု ငိုကြွေးနေကြရ တာတွေ အားလုံးမှန်သမျှဟာ ကိုယ်ချင်းစာတရား ကင်းမဲ့ကြလို့ပါတဲ့ ကောင်းလိုက်တာဗျာ။
    ပန်းကလေးများ အမြဲတမ်းစိမ်းလန်းစိုပြေနိုင်ပါစေ။

    ReplyDelete
  12. သူငယ်ချင်းရေ လာဖတ်သွားတယ်နော်

    နိုင်ငံရေးဘက်ကို လူတွေစိတ်ဝင်စားမှုနည်းအောင် ဘာသာရေးနဲ့ လမ်းလွှဲပြီး ပဋိပက္ခဖြစ်အောင် ကြံတတ်ကြတာ မင်းဆိုးမင်းညစ်တွေရဲ့ ခေတ်မှာ မကြာခဏ တွေ့ရတတ်ပါတယ်...ဆိုတဲ့ ကိုလူထွေးကို ထောက်ခံတယ်

    သူငယ်ချင်းပြောတဲ့ ကိုယ်ချင်းစာတရား ဟာသိပ်အရေးကြီးတယ် ဆိုတာလည်း နားလည်တယ်နော်

    ချစ်တဲ့ ရွှေစင်

    ReplyDelete
  13. မချစ်ကြည်အေးရေ သီရိလင်္ကာက အဖြစ်အပျက်ပါ ဖေါ်ပြပေးပြီး နှိုင်းယှဉ် ထားတာ သိပ်ကောင်းပါတယ်။ ဒီအကြောင်းက နေရာတိုင်းမှာ ဖြစ်နေပြီး ကိုယ့်ဆီက ပြန်ဆဲနေကြတာလည်း နားမချမ်းသာစရာ ဖြစ်နေလို့ ကျွန်မလည်း ကိုယ်တိုင် ပို့စ်တင်ဖြစ်တဲ့အပြင် တခြားသူတင်တဲ့ပို့စ်တခုကိုပါ ပြန်ဖေါ်ပြထားသေးတယ်။ ကိုဧရာပြောသလိုပဲ ဘုရာဟောထားတဲ့တရားအတိုင်း ၇န်ကိုရန်ချင်း တုံ့ပြန်လို့ ဘာမှ အကျိုးမထူးပါဘူး။

    ReplyDelete
  14. ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပေါ့ မချစ်ကြည်ရယ်။

    "ငါးပါးသီလဟာ ကျမတို့ လူဝတ်ကြောင်တွေ အတွက် မညှိုး မနွမ်းအောင် စောင့်ထိန်းရမဲ့ ပန်းကလေး ငါးပွင့် လို့ ဆိုရင် ကိုယ်ချင်းစာတရား ကတော့ အဲဒီ ပန်းကလေးတွေ အမြဲ စိမ်းလန်း ရှင်သန် နေအောင် အဓိက အားဖြည့် ပေးနိုင်တဲ့ မြေဆီဩဇာ လို့သာ ဆိုလိုက်ချင်ပါတော့တယ်."။ အဲဒီစာသားလေးကိုတော့ ကြိုက်တယ်။

    ReplyDelete
  15. မငယ်နိုင်ရေ။ မချစ်ကြည်အေး ယှဉ်တွဲဖော်ပြခဲ့တဲ့ ဇာတ်လမ်းက စင်ကာပူမှာ ဖြစ်ခဲ့တာပါ။ သီရိလင်္ကာက မဟုတ်ပါဘူး။ သတင်းစာတွေမှာ အကျယ်တဝင့် ပါခဲ့တာပါ။ အမှုကို ဇန်နဝါရီလလောက်က အမိန့်ချခဲ့တယ် ထင်ပါတယ်။

    မချစ်ကြည်အေးရေ။ ကျွန်တော်တော့ တစ်ခါ သွားဖတ်ပြီး နောက်ကို မသွားတော့တာပါ။ ပါဠိလို မတောက်တစ်ခေါက် တတ်ပြီး ရောမွေ ရေးလိုက်တော့ လူတွေ ယုန်ထင်ကြောင်ထင်တွေ ဖြစ်ကုန်တယ်။ မတန်ပါဘူး။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...