Sunday, January 17, 2010

ချစ်ကြည်အေး နှင့် အင်တာဗျူး - အပိုင်း ၂

ယခု ဖော်ပြမည့် အင်တာဗျူးမှာကား ခွက်ခွက်လန် မဂ္ဂဇင်းတိုက်မှ မောင်ဘလာ ဂေါ် စင်္ကာပူ ရောက်ခိုက် ဆရာမ ချစ်ကြည်အေး နေအိမ်တွင် တွေ့ဆုံ မေးမြန်း သွားသည်များအား ဖောက်သည်ချခြင်း ဖြစ်ပေသည်။ မြန်မာပြည်ရှိ စာစောင် မဂ္ဂဇင်းများ၌ မဖော်ပြမီ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီး များအား ဦးဦးဖျားဖျား တင်ပြ လိုက်ရပေသည်။

ဂေါ်း ဆရာမ နေကောင်းရဲ့နော် (နှုတ်မှ မဖြေ ပြုံးပြ၏ ၊ ကောင်းသည့်သဘော)
ဒါဆို မေးခွန်းလေး စလိုက် ကြရအောင်....

ဂေါ်း ဆရာမ စာအသစ်တင်တိုင်း ပရိသတ်တွေ လာ လာဖတ်ကြတာ တွေ့ရတယ်ဗျ ၊ အဲဒီလို ပရိသတ် မျက်ခြေမပြတ်တာ ဆရာမ ရေးတဲ့စာ အမျိုးအစား ကြောင့်ပါလားခင်ဗျာ..
ချစ်း အဟင်း ဟင်း...အဲဒါက စာရေးတာနဲ့ မဆိုင်ဘူးကွဲ့ ၊ ဘလော့ဂ်နီးချင်း တွေဆီက ပိုက်ဆံ လှည့်ချေးထားတော့ သူတို့ အမကို မျက်ခြေပြတ် မခံကြဘူးလေ...ဟက်ဟက်...


ဂေါ်း ကျနော်တို့ မြန်မာပြည်က စာရေးဆရာ တချို့ဟာ စာကောင်းပေမွန်တွေ အဆင့်မြင့်မြင့် ပေါ်ထွက်ရေးအတွက် အဆင့်မြင့် ဟိုတယ်တွေမှာ တက်ရောက် စာရေးလေ့ ရှိပါတယ် ၊ ဆရာမ အနေနဲ့ရော ဒီမှာ ဘယ်လိုစာရေးပြီး မြန်မာပြည်ပြန်တဲ့ အခါ ဘယ်မှာများ စာရေး ပါသလဲ...။
ချစ်း အင်း ခုတလော မိုးတွေ ရွာနေတာနဲ့ပဲ အရင်လိုတောင် အထပ် ၄၀ တိုက်ခေါင်မိုးပေါ် တက်မရေးနိုင်တာ ကြာပြီရော...၊ မြန်မာပြည် ပြန်ရင်တော့ မိုးလုံလေလုံ ထုတ်တန်းပေါ် တက်ရေးတယ်ကွဲ့.....


ဂေါ်း "ပေးကားပေး၏ မရ" ဆိုတာကို နောင်လာနောက်သားတွေ နားလည် လွယ်အောင် ရှင်းပြပေးပါအုံးခင်ဗျာ ...
ချစ်း (မေးစေ့လေးပွတ်၍ စဉ်းစားပြီးသော်... ) အမတို့ မြန်မာပြည်ကြီးမှာ တနေ့ကို ၂၄ နာရီလုံး အချိန်ပြည့် လျပ်စစ်မီးတွေ ပေးနေတယ်လေ...၊ အဲ...သတင်းစာထဲမှာပေါ့ကွယ်...၊ ဒီတော့ သတင်းစာ ဝယ်မဖတ်နိုင်တဲ့သူတွေ အချိန်ပြည့် မီးမရကြဘူး....


ဂေါ်း စင်္ကာပူမှာ နေရာပေါ်လိုက်ပြီး အိမ်ဈေးကြီးတယ်လို့ သိရတယ်ဗျ ၊ ဆရာမ အိမ် ၃ လုံးဝယ်ထားတယ် ကြားတာ ဒါက ပထမဆုံးအိမ်ပေါ့နော်...နောက် ၂ လုံးကရော ဘယ်မှာများ ဝယ်ထားလဲဗျ...
ချစ်း စတိုခန်းထဲမှာ...
ဂေါ်း ဗျာ...
ချစ်း လူနေဖို့ ဟုတ်ဖူး...ငှက်မွေးဖို့ရယ်....


ဂေါ်း ဆရာမက လက်ရှိမှာ ဝင်ငွေ အရမ်းကောင်းနေတော့ အခွန်ရှောင်တယ် လို့ နာမည်ကြီး နေတယ် အဲဒါလေး တဆိတ် ရှင်းပေးနိုင်မလားဗျာ...
ချစ်း (မျက်လုံးလေးပြူး၍...) အို...ကောလဟာလတွေ မယုံပါနဲ့ကွယ် ၊ အမဖြင့် ခုတလော အလုပ်တွေ များလွန်းလို့ ဒူးရင်းသီး နဲ့ ငှက်ပျောသီးက လွဲလို့ ကျန်တာတွေ အခွံတောင် မရှောင်နိုင်ပဲ ဝါးစား ပစ်နေရ ပါရောလား....။


ဘဝ အမောတွေ ပြေကြပါစေ...

17 comments:

  1. မကြီးအေး...
    မကြီးအေး..အခွံမရှောင်ပဲ ၀ါးစားတာသိတယ်...နော်...။
    သခွားသီး မှတ်လား...ဟီးးးးးးး
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. အခွံမရှောင်ဘူးဆို အုန်းသီးကျွေးမယ်...

းဝ)

    ReplyDelete
  3. မမ က ရီရတယ် ဟားဟားးးးးးးးးးးးးး

    ReplyDelete
  4. အင်တာဗျူးဆက်ဦးနော် မ :D

    ReplyDelete
  5. ရီရတယ်ဟေ့.. ဗြဲ.. :DDDDD

    ReplyDelete
  6. အင်တာဗျူးအသစ်ကို စောင့်နေပါသည်။

    ReplyDelete
  7. ထုတ်တန်းမှာတော့ လင်းနို့လို့မနေနဲ့နော်..
    တော်ကြာအမြင်မတော်တွေဖြစ်ကုန်မယ်..

    ReplyDelete
  8. ပို့စ်ရော ကွန်မန့်ရော ရီရတယ်ဗျို့..

    ReplyDelete
  9. ထုတ်တန်းပေါ်တက်ရေးရင် တုတ်နဲ့ ထိုးချမယ်။

    ReplyDelete
  10. ထုတ်တန်းပေါ်တက်ရေးရင် တုတ်နဲ့ ထိုးချမယ်။

    ReplyDelete
  11. အခွံ မရှောင်ဘဲ စားတဲ့ အသီးတွေ သိချင်ပါသည်

    မာလကာသီး..

    ချစ်ခင်စွာဖြင့်

    ReplyDelete
  12. ရီရတယ်မရေ...
    ဒါနဲ့ ညီမလေးကို အိမ်တစ်လုံးလောက်ပေးပါလား :P

    ReplyDelete
  13. အင်တာဗျူးတာ ဘယ်နှစ်နာရီလဲဟင်?
    ဓါတ်ပုံဆရာရော မိတ်ကပ် ဆရာရောခေါ်မလာဘူးလား။
    မြန်မာပြည်ကဂျာနယ်တိုက် မှာ ဓါတ်ပုံလေးနဲ့ပါထည့်လို့ရတာပေါ့။

    ReplyDelete
  14. မချစ်ကြည်အေးလည်း ရီစရာတွေ တော်တော်ရေးတတ်တယ်နော့်။

    ReplyDelete
  15. အခွန်ကိစ္စ
    မကြားလိုပါ မကြားလိုပါ။
    မနေ့ကပဲ အလှူကြီး ပေးဖြစ်ခဲ့သေးတယ် မမ။ :)

    ReplyDelete
  16. ဆရာမ နေကောင်းရဲ့နော် (နှုတ်မှ မဖြေ ပြုံးပြ၏ ၊ ကောင်းသည့်သဘော)

    အဲဒီ အပြုံးလေး မြင်ချင်စမ်းပါဘိ...
    နေနှင့်အုံး... တရက်မှ လာဗျူးအုံးမယ်...း))

    ReplyDelete
  17. ဒူးရင်းသီးနဲ့ ငှက်ပျောသီးက လွဲရင် အခွံ မရှောင်ဘူးလား အမ... အိမ်မှာ ပိန္နဲသီးကြီး မှည့်နေပြီတော့

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...