Monday, January 11, 2010

ဘဝ မီတာ....

သက် ထက်ဆုံးမက နှောင်ငင် ပိုးကြိုးမျှင် သမုဒယ
ဝေ မျှ ပြန်ပြောရင် သံယောဇဉ် အနန္တ
မွေး ဖွားကြီးပြင်း ချည်နှောင်ခြင်းတွေက ဒီရေလို တစတစ
နေ့ များမှလ လမှသည်နှစ် ချစ်ခြင်းအစစ် ချည်နှောင်မှုအသစ် နဲ့ ဘဝ


ဘဝ ဆိုတာကို အသက် နဲ့ ရေတွက်တိုင်းတာ ကြစတမ်းလား.....
ဒါဆိုရင် တို့တတွေက မီတာတံရဲ့ တဝက် ခရီးမှာလား.....
ဒါမှမဟုတ် ခုမှ မီတာတံရဲ့ အစလား.....
ဒါတွေကို သိဖို့ရော တကယ်ပဲ လိုအပ်ပါရဲ့လား.....
အရေးကြီးတာက လူသားဆန်ဖို့....ခံစားမျှဝေတတ်တဲ့ နှလုံးသားရှိဖို့ပဲ မဟုတ်လား....

ခံစား မျှဝေတတ်တဲ့ နှလုံးသားရှိသော ချစ်စရာ အဖြူရောင်ပိုးမျှင်လို သူငယ်ချင်းကလေး အတွက်.....



14 comments:

  1. ချစ်စရာကောင်းပြီး လှပတဲ့ မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်..
    မွေးနေ့ကဗျာလေးကိုလဲ အမြဲသိမ်းထားဖို့ ကူးသွားတယ်နော်...

    ချစ်တဲ့

    သက်ဝေ

    ReplyDelete
  2. ဒီနေ့ သက်ဝေ မွေးနေ့လား? Happy Birthday ပါ သက်ဝေ။

    ReplyDelete
  3.ံပျော်ရွှင်သောမွေးနေ့ပါ အမသက်ဝေ...

    ဘာလက်ဆောင်တွေရသလဲဆိုတာ ပြန်ပြောပြဦးနော် :D

    ReplyDelete
  4. မွေးနေ့ သွားစားလိုက်ဦးမယ်
    အဲလေ...သွားဆုတောင်း လိုက်ဦးမယ်
    ကျေးဇူး ချစ်ကြည်

    ReplyDelete
  5. ဘယ်သူလဲတော့မသိဘူး။။။ဒါပေမဲ့ Happy Birthday ပါဗျို့။ မွေးနေ့ဆုတောင်းတွေ တောင်းပြီး တစ်ခါမှလဲ မစားရသေးဘူး။

    ReplyDelete
  6. Happy Birthday ပါ။ ဘယ်သူက ဆုတောင်းပေးထားလဲ မသိဘူး။ မွေးနေ့ အနှစ် ၁၀၀ တိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ။

    ReplyDelete
  7. မွေးနေ့ မင်္ဂလာ မသက်ဝေပါ။

    ReplyDelete
  8. မသက်ဝေအတွက်
    မွေးနေ့မင်္ဂလာဖြစ်ပါစေ
    ဘဝတလျှောက်ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

    ReplyDelete
  9. မကြီးအေးရေ...
    မသက်ဝေအတွက် မွေးနေ့လက်ဆောင်ကဗျာလေးလာဖတ်တယ်...။
    မသက်ဝေအတွက်လည်း ဆုတောင်းပေးပါတယ်...။ ပျော်ရွှင်စိတ်ချမ်းသာမှုတွေ မွေးနေ့ရက်မှ စပြီးရရှိပါစေလို့ဗျာ...။
    (အကြွေးရှိပါသည် မကြီးအေး...း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  10. ဟယ်..ဒါဆို မယ်သက်နဲ့ မယ်ချစ်က ရွယ်တူတွေပေါ့...၅၀ တောင်ပြည့်ကုန်ပြီပေါ့....း))

    ReplyDelete
  11. သူငယ်ချင်း ချစ်ကြည်အေးရဲ့ မွေးနေ့ဆုတောင်း အမှတ်တရပိုစ့်လေး နှင့်အတူ ဆုတောင်းပေးသွားကြသော ကြည်၊ ကိုပီတိ၊ မသီတာ၊ Hmoo၊ မောင်မိုး၊ မငယ်နိုင်၊ နွေဆူးလင်္ကာ၊ မြစ်ကျိုးအင်း၊ ဏီလင်းညို နဲ့ ကိုကြီးကျောက်တို့ကို ကျေးဇူး အများကြီးတင်ပါတယ်...

    အသက်ကတော့...
    ၅၀ လို့သာ မှတ်ထားလိုက်ကြပါ...

    ကိတ်မုန့်ကတော့...
    အသက်စေ့ ဖယောင်းတိုင် ထွန်းဖို့ ဆန့်တဲ့ အရွယ် ရှာမတွေ့လို့ မလှီးလိုက်ရပါ...

    မွေးနေ့လက်ဆောင်ကတော့...
    မကြာသေးခင်ကမှ ဝယ်ပေးထားတဲ့ နှစ်ကျပ်ခွဲ ပါပဲတဲ့...း))

    ReplyDelete
  12. အမရယ်… ရေးတတ်လိုက်တာ… အဖြူရောင်ပိုးမျှင်လေးတဲ့လား…

    ReplyDelete
  13. ကျွန်တော်က ရွာကနေလာဆုတောင်းပေးရလို့နောက်ကျသွားတယ်ဗျာ
    မွေးနေ့ရှင် မသက်ဝေ ပျော်ရွှင်မှု့အပေါင်းပိုင်ဆိုင်ပါစေဗျား)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...