Friday, December 25, 2009

MKY တို့ လင်မယား


သူ့ ရဲ့ နာမည်ပြောင်က "ချင့်ယုံ" တဲ့...။ သူ နဲ့ ခင်မင်သူတွေအားလုံး သူ ဘယ် လောက် အစ အနောက် သန်မှန်း သိကြပါတယ်။ မထင်ရပါဘူး၊ တခါတခါ အတည်ပေါက်ကြီးနဲ့ မို့လို့ပါ...။ သူ့ကို လက်ထပ်ဖို့ စဉ်းစားတဲ့အထဲမှာ အဲဒါလည်း တခု အပါအဝင် ၊ ဒီလူကြီးနဲ့ ဆိုရင်တော့ လူ ချမ်းသာတာ မချမ်းသာတာ အပထား၊ ရယ် နေရလို့ စိတ်တော့ အတော်ချမ်းသာမှာ ဆိုပြီး မီးစိမ်း ပြခဲ့တာ...။

အလှူတွေ ဘာတွေ သွားလို့ သားသားနားနား ဝတ်စားထားတဲ့ သူ့ သူငယ်ချင်းများ တွေ့ရင် " ဟာ...ဟေ့ကောင်ကြီး အင်္ကျီအသစ်နဲ့ ရူပါ တယ်တက်နေပါ့ လား နောက်တခါ ဒါမျိုး အင်္ကျီလေးတွေ သွားကောက်ရင် ငါ့လဲ လက်တို့ စမ်းပါအုံးကွ" တဲ့လေ။ ဖဲ့ပုံက...ဖဲ့ပုံက..မသိရင်ပဲ ဟိုလူ အမှိုက်ပုံထဲက ကောက်ဝတ်လာသလိုလို...။ ဒါမျိုးကျ ကိုယ်က ရယ်လို့ ကောင်းနေတာ ။

နောက်တော့ တဖြည်းဖြည်းနဲ့ စ စရာလူမရှိရင် ကိုယ့်ဘက်မြှားဦးလှည့်လာရော ။ တခါတခါ လူရှေ့လည်း အပီ ဖဲ့တာ...။ ဆိုင်မဆိုင်တော့ မသိဘူး၊ စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညို ရွတ်ပြခဲ့တဲ့ "စစ်" ဆိုတဲ့ ၂ ကြောင်းကဗျာလေး " ဒုံးဒုံး ဒက်ဒက်၊ တုံးလုံးပက်လက် " ဆိုတာလို။ သူ ပစ်လွှတ် လိုက်တဲ့ ဒုံး ဒုံး ဒက် ဒက် တွေကြားမှာ ကိုယ်လဲ တုံးလုံး ပက်လက် ဖြစ်ပေါင်းများလှပေါ့ ဪ ကျဆုံး ခဲ့ရတာများ ပြောပါတယ် ။

ချစ်စနိုး နဲ့ ဖဲ့တာ လို့ ဆိုသေးတယ် ။ ဖဲ့တာတောင်မှ ချစ်စနိုး ရှိရသေး။ သူက အဲသလိုလည်း ဓါးသွားပေါ် ပျားရည်က ဆမ်းတတ် သေး တာ။ တခါ ကိုယ်က သူ့ရှေ့ ဝမ်းသာအားရ ပြောမိပါတယ်။

" ပိန်များသွားလား မသိဘူးတော့၊ ဒီအင်္ကျီလေးတောင် ချောင်သွားသလိုပဲ "
" အင်း ချောင်သွားတယ် အင်္ကျီ မှုတ်ဖူး ဦးနှောက် ဦးနှောက် " တဲ့...။
စာလို ပြောရရင်တော့ " သူ့ရဲ့ ချစ်စနိုး ဖဲ့ရွဲ့မှုအောက်မှာ ကျမ လှလှပပကြီး ကျဆုံးခဲ့ရ ပြန်ပါသည် " ပေါ့။

ကြာတော့လည်း သူ့အနား နေရတာ ကပ်စီးယပ်စ်ကလေးအနား နေ နေရသလို ဖြစ်နေ လေတော့ ကိုယ့်မလည်း မိုက်တိုင်စန် လောက် တော့ နားရွက်ကလေး ဘာလေး ပြန်ကိုက် ဖြတ်တတ်အောင်ပဲ   လေ့ကျင့်ရတော့ မလို...။ ဒါမှမဟုတ် ကိုယ်တို့ ဧည့်ခန်းအလယ်မှာ လက်ဝှေ့ကြိုးဝိုင်း ဆောက်ပြီး သူ ချစ်စနိုးနဲ့ ဖဲ့တိုင်း ကိုယ်လည်း ချစ်စနိုးနဲ့ ပြန်ကျွေးရ ကောင်း မလား ပေါ့။ စိတ်ချဉ်ချဉ် နဲ့ ညစ်ကျယ်ကျယ် တွေးမိရတာ...။

တနင်္ဂနွေ နေ့လည်တခုမှာ ထမင်းစားအပြီး နှစ်ယောက်သား TV ရှေ့ထိုင် ကြတယ်။ သူက ခုံပေါ်ထိုင်ပြီး TV ကြည့်၊ ကိုယ်က သူ့ရှေ့ ကြမ်းပြင်အခင်းပေါ် ဆင်းထိုင်ရင်း သူ့ခြေသလုံး နှစ်လုံးကြား ကျောမှီပြီး စာအုပ် ဖတ်နေခဲ့တာ ။ 

တခါတခါလည်း သူ့ရဲ့ " ကြည့် ကြည့် မြန်မာသတင်း လာတော့မှာ " တို့ ၊ " ဟိုမယ် အဲဒါ တိုက်ဂါးရဲ့ ၁၂ ယောက်မြောက် ကောင်မ လေး" တို့၊ အဲသလို သူကြည့် စေချင်တာ လေးတွေကျ စာအုပ် နဲ့ မျက်နှာ ခဏ ခွာလို့ လှမ်းကြည့်ရင်း "ဪ" တို့ "အင်း" တို့ "ဟုတ် လား" တို့ လုပ်ပေး ရသေးတာပါ။

" ဟာ ..ဟိုမယ်..မိန်းမ.. မိန်းမပုံ TV ထဲပါလာပြီ ၊ TV ရိုက်ထားတာတောင် ယောင်္ကျားကို မပြောဘူး "
ကိုယ်လဲ ခပ်တွေတွေနဲ့ TV ကို လှမ်းကြည့်မိရတယ်။
သစ်ပင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်လို့ ၊ လက်တဘက်က ခေါင်းကုတ် ကျန်တဘက်က သစ်ကိုင်းကို ခိုတွယ်လို့ TV ကင်မရာထဲကို ပြူးပြူးလေး ကြည့်နေရှာတဲ့ မျောက်တကောင်...။ ဟ...ငါ့တော့ ဖဲ့ပဟ လို့... ။

" ကိုယ့် အစွမ်းအစ နဲ့တော့ မဟုတ်ရပေါင်ဗျာ...ရေမြင့်လို့ ကြာတင့်တာ "

မပိုင်လား သူလည်း မျောက်ယောက်ျားဖြစ်ကရော။ ဒီတခါတော့ ကိုယ်လည်း ပြန်ပစ်ရတော့တာ ။ ဒီတော့မှ သူ တဟားဟား ရယ်တယ်။ ကောင်းပါလေ့ ကိုယ်တို့ နှစ်ယောက်လုံး နေရင်းထိုင်ရင်းနဲ့ လူစင်စစ်ကနေ ပရိုမိုးရှင်းတွေ တက်ကုန်ရော...။

တော်သေးတယ် ၊ ကိုယ်ကဖြင့် သူ ဘယ်လို မြှောက် မြှောက် ဘဝင် မမြင့်တတ်ပေလို့....။


ဘဝ အမောတွေ ပြေကြပါစေ...။




Image Source : http://monkeys.funny-animal-picture.com/

17 comments:

  1. sis, ပထမဆုံးလူအနေနဲ့ လာရီ(ရယ်)....အဲလေ...လာမန့်သွားပါတယ် :D

    ReplyDelete
  2. ကြည်နူးစရားလေးတွေ..း)

    ReplyDelete
  3. ဘဝင်မမြင့်တတ်ပေဘူးကိုး...

    ကြီကြိ ကြီကြိ ကြီကြိ... (ဘာသာစကားတူလို့ နားလည်မယ်ထင်ပါတယ်)

းဝ)

    ReplyDelete
  4. အဟဲ..ချစ်ကြတယ်ပေါ့လေ..

    ReplyDelete
  5. နှစ်ယောက်သားဟုတ်နေရင်တော့
    ပျော်စရာပါပဲ အမရယ်။

    ReplyDelete
  6. သူ အတည်ပေါက်နဲ့ စတတ် နောက်တတ်တဲ့အကြောင်းကတော့ သိပြီးသား... စီးရီးလေးနဲ့ ရေးပါလား...း))
    မျှော်နေမယ်...

    ReplyDelete
  7. ဖတ်ပြီး တအားသဘောကျသွားတယ် အားလဲကျတယ် ပျော်စရာ အမသက်ဝေပြောသလို စီးရီးလေးနဲ့ရေးမှာလားဟင်

    ReplyDelete
  8. အတူနေတာ ကြာရင် ပညာတွေ ကူးစက်လာမှာပဲ အစ်မရေ။ ကြိုးစားထား။

    ReplyDelete
  9. တစ်ယောက်နဲ့ တစ်ယောက်ဖဲ့နေကြတာ အသားတွေတောင်မကျန်တော့ဘူး.။ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့သူရှိနေတာ သဘောကျတယ်ဗျာ.။ ဟတ်...ဟတ်

    ReplyDelete
  10. သြ...ပုံနှင့်တကွ ကြေငြာနေပြီပေါ့လေ

    ReplyDelete
  11. ရီရတယ်...
    အပြစ်မမြင်ပါဘူး.. ချစ်ချင်တာပဲသိနဲ့နောက်.. တဲ့ (သီချင်းလေ)
    :P

    ReplyDelete
  12. ပျော်စရာကြီးး
    တစ်နေကုန် ရယ်နေ..ပြုံးနေရမှာပဲနော်။။

    ပေါက်

    ReplyDelete
  13. မအေးရေ...
    ကြည့်စမ်းဗျာ...။ အနော်တို့အစ်မပိုင်ချက်ကတော့...ဟီးဟီးး
    (ချစ်စနိုးပဲရှိတာပါဗျာ...။ မုန်းစနိုးဆိုတာ ဘယ်မှာရှိလို့ဒုန်းဗျ...၊ ၀ုတ်ဖူးလား...:D...)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  14. ရယ်လိုက်ရတာ .. ပျော်စရာကြီး ... အတွဲညီပါပေ့ ... အကြည်တို့ ရယ်စရာရေးလဲ ဖတ်ကောင်းတာပဲ ... အဲလိုလေးတွေ များများရေးပေးနော် ... အပေါ်က စုံတွဲလေးလို ဖြစ်စေချင်လို့ ပြောတာမဟုတ်ရပါဘူး။ ကျိန်ဆိုကျိန်ပါ့မယ် ... ခစ်ခစ်

    ReplyDelete
  15. သူငယ်ချင်းရေ

    မိုက်တယ် ဒါမျိုးလေးတွေ များများပြောပေး ဒါမှ..

    ReplyDelete
  16. အတွဲညီတယ်နော်..မမ
    နေနဲ့လ..ရွှေနဲ့မျောက်..အဲလေ..ရွှေနဲ့မြးD

    လေးစားချစ်ခင်တဲ့
    ပန်းချီး)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...