နိုဝင်ဘာ ၅ရက်နေ့က စခဲ့တဲ့ ကျမရဲ့ ဘလော့ဂ်လေး ခု ဒီဇင်ဘာ ၄ရက်နေ့မှာ တလ တိတိ ပြည့်ခဲ့ပါပြီ။
ဒီဘလော့ဂ်လေးကို အသက်သွင်းပေးခဲ့တဲ့ ကျမရဲ့ ချစ်သူငယ်ချင်းလေး သက်ဝေ ၊စနေ တနင်္ဂနွေ ကျမ ဟင်းချက်ဖို့ မီးဖိုချောင် ဝင်တဲ့အခါ "လာမရှုပ်နဲ့ သွား ကိုယ့်ဘာသာ စာသွားရေးနေ" လို့ နှင်ထုတ်တတ်တဲ့ ချစ်သူငယ်ချင်း ခိုင်၊ ကျမ စာရေးနေတဲ့အခါ၊ ဘလော့ဂ်လည်နေတဲ့ အခါတွေမှာ သူ့ အဝတ်သူ မီးပူထိုးဝတ်ရှာတဲ့ ကျမရဲ့ ချစ်ခင်ပွန်း၊ အဓိက ကျလွန်းတဲ့ ကျမရဲ့ ဘလော့ဂ်ဖတ် ပရိသတ်တွေ၊ ဘလော့ဂ်ဂါမောင်နှမတွေ အားလုံးကို ကျမ ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။
ကော်မန့်တွေရေးသွား၊ စီဘုံးထဲပြောသွားခဲ့ကြတဲ့ စာဖတ်သူတွေနဲ့ ဘလော့ဂ်နီးချင်းတွေ အားလုံးကိုလဲ အရမ်း အရမ်းကို ကျေးဇူးတင်ရပါတယ်။ တခါတလေ စီနီယာဘလော့ဂ်ဂါ ကြီးများ ဖတ်, မန့် သွားတဲ့အခါများ ဆိုရင်တော့ ဒီဂရီရပြီးသားသူတွေ မူလတန်းစာလာဖတ် သလိုများ ဖြစ်နေပြီထင်ပါရဲ့လို့ အားတုံ့ အားနာ တွေးမိပါရဲ့...။
ဒါပေမဲ့ , အဲဒါတွေကိုက ကျမ အတွက် အင်အားတွေပါ။ ဖတ်ရင်းနဲ့ ပျော်ရပါတယ်။ အဲဒါအပြင် မိုးမခ မီဒီယာက ကျမရဲ့ ပထမဦးဆုံးတင်ခဲ့တဲ့ပို့စ်လေးကို ကုတ်ထားတော့ ပိုပြီးပျော်ရတာပေါ့ ။ အပျော်ပေါ် အပျော်ဆင့်လို့ အပျော် နှစ်ထပ်ကွမ်းခဲ့ရပါတယ် ။
ဘာနဲ့ တူသလဲ ဆိုတော့ကာ ကျမ တိတ်တိတ်လေး ချစ်ကျွမ်းဝင်နေခဲ့ရတဲ့ အမျိုးကောင်းသား ကလေးက ချစ်စကားဆိုပြီး တချိန်ထဲမှာပဲ လက်ထပ်ခွင့်တောင်းသလိုပါ။ ခဏခဏ အကုတ်ခံနေရတဲ့ ဘလော့ဂ်ဂါ ကြီးတွေအတွက်တော့ အဲလောက် ပျော်ပါ့မလား မသိပါဘူး။
ဒီတလ အတွင်းရေးပြီးခဲ့သမျှတွေ ပြန်ကြည့်တဲ့အခါ အပျော်စာ နဲ့ သရော်စာတွေ ရေးဖြစ် ခဲ့တာ များပါတယ်။ ကျမ ကိုယ်တိုင်က ပျော်တတ်တာပါ။ ပြီးတော့ ကျမက အတွေးနုနု အရေးလဲနု ပါသေးတယ်။ ဘလော့ဂ်တွေ တော်တော် များများ ဝင်ဖတ်ပြီးတဲ့အခါ ကိုယ့်စာ တွေကို ဘယ်နားသွားဖွက်ရမှန်းတောင် မသိအောင်ပါပဲ။ အရေး ရော အတွေးပါ ကောင်းလိုက်ကြတာ...။ တကယ်ကို အားကျမိပါရဲ့...။
ကျမ ရေးချင်နေခဲ့ပြီး မရေးဖြစ်သေးတဲ့ အကြောင်းတွေ ရှိပါသေးတယ်။ ဘာသာရေး နဲ့ အချစ်ဝတ္ထုတွေပါ။ ဘာသာရေးကိုတော့ အချိန်လေး နဲနဲယူပြီး ရေးရပါမယ်။
အဲ...အချစ်ဝတ္ထုလေးတွေ ရေးဖို့ဆိုရင်တော့ ကျမရဲ့ နှလုံးသားကို လွန်ခဲ့တဲ့ အနှစ်၂၀ လောက် ဘက်ဂီယာ ပြန်ထိုးပြီး ခံစားမှ ရမယ်ထင်ပါရဲ့။
ဒါဖြင့် ခု အချစ်မရှိဘူးလား အိမ်ကလူကြီးက ဘာလဲ ဆိုရင်ဖြင့် သူက အချစ်ထက် ပိုလွန်သော...လို့ ဆိုချင်ပါတယ်။
တချို့ကလဲ ချစ်ကြည်အေး ဆိုတာ ဘယ်လို အမကြီးပါလိမ့်လို့ သိချင်ပုံရပါတယ်။ ရယ်စရာတွေ၊ ပေါတိပေါချာတွေ ရေးနေလို့ တော်ကြာ မချစ်ကြည် တဆယ်ဖိုး ၃ ခု လို့ ထင်မှာလဲစိုးရသေး။
တနေ့ကတော့ ခင်မင်နေတဲ့ အကိုကြီးတယောက် သူဘလော့ဂ်တွေ ဖတ်လေ့ရှိတယ်ဆိုလို့ ဒီဘလော့ဂ်လေး ဖတ်ကြည့်လို့ ပေးလိုက်မိပါတယ်။ နောက်နှစ်ရက်လောက်ကျတော့ ဖုန်းထဲကနေ ညီမ ဘလော့ဂ်လေး မဆိုးဘူး၊ အားပေးတယ် ဆက်ရေးလို့ ဆိုလာပါတယ်။ ဟမ်...ကျမ ရဲ့ ဘလော့ဂ်လို့လဲ မပြောလိုက်မိပဲနဲ့။
ခက်ပြီ လူကလဲ အငြိမ်မနေ တတ်တာနဲ့တော့ ။ တော်ကြာ လမ်းထိပ်က လော်စပီကာကြီးလို ဖြစ်နေအုံးမယ်။
"သာဓုပါခင်ဗျာ..သာဓုပါ...ခုလို စေတနာသုံးတန် ပြဌာန်းပြီး လှူဒါန်းတဲ့အတွက် ကျနော်များ ဥပဿကာ အဖွဲ့မှ မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျ...ဗျာ..ဪ...ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျာ...အမည်မဖော်လိုသူ ဟိုတဖက်လမ်း ၁၃ လမ်းထိပ်က လူပျိုကြီး ကိုကြင်မြ က ငါးရာပါတဲ့ ခင်ဗျား"
ဘဝ အမောတွေ ပြေကြပါစေ...။
Image Source : www.mynicespace.com
This comment has been removed by the author.
ReplyDelete၀မ်းသာပါတယ် အမ... တလမှ တနှစ်... ဒီလိုပဲရောက်သွားရင်း ... အသက်တွေလည်းကြီးလာတာပါပဲ.. :P
ReplyDeleteကွန်မန့်ရေးမလို့ ရင်ကို ဖွင့်ချခဲ့စမ်းပါ ဆိုတော့ လန့်သွားတာပဲ... ရှက်တတ်လို့ :P
တလမှသည် တနှစ်...
ReplyDeleteတနှစ်မှသည် နှစ်ပေါင်းများစွာတိုင် စိတ်လက်ချမ်းသာစွာ၊ ပျော်ရွှင်စွာနှင့် ဘလော့ဂ်ဂင်းနိုင်စေကြောင်း... ဆုတောင်းပါတယ်...။
ချစ်ကြည်အေးက တဆယ်ဖိုး ၃ ခုဆိုရင် သက်ဝေကလဲ တဆယ်ဖိုး ၃ ခုထက်တော့ ရော့မှာမဟုတ်ပါလေ... သူငယ်ချင်းအရင်းကြီးတွေ မဟုတ်လား...
ကျေးဇူးတင်ရင် စင်ကာပူလာရင်မုန့်ဝယ်ကျွေးနော်.. အဟက်.. အမရေ.. ဘက်ဂီယာကို ရဲရဲကြီး ထိုးချလိုက်ပြီး ရေးပစ်လိုက်စမ်းပါ.. အမရဲ့ အချစ်ဝတ္ထုတွေက နုပျိုလန်းဆန်းနေမှာအမှန်ပဲ.. အားပေးနေပါ့မယ်.. အမရဲ့ ၁၀ က ဒေါ်လာ ၁၀ ကို ပြောတာမဟုတ်လား.. :)
ReplyDeleteစာရေးချင်တဲ့ရောဂါက တကယ်တော့ မလွယ်လှဘူးနော်၊
ReplyDeleteမရေးခင်လည်း မွတ်ဒ်ရအောင်လုပ်၊ ရေးပြီးရင်လည်း ကိုယ်ရေးခဲ့တာတွေ တစိမ့်စိမ့်ပြန်တွေး၊ တခါတခါ သိပ်မောစေတယ် အမရယ်။
ဘာပဲဖြစ်ဖြစ် ရေးရတာ ပျော်တယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။
အစ်မချစ်ကြည်..
ReplyDeleteခပ်ပေါပေါပဲရေးပါ..
သိပ်မြင့်ရင် လှမ်းမမှီလို့...
ဒီက အရပ်ပုတယ်..။။
ဟဲဟဲ အစ်မက ပျော်တတ်ပုံ ရတယ်။ အိမ်က လူကြီးက အချစ်ထက် ပိုလွန်သော ဆိုလို့ သဘောကျသွားပါတယ်။ ဆက်ရေးပါ။ တကယ် အားပေးနေပါတယ်။ တခါတလေ ကော်မန့် မချန်ဖြစ်တာက လွဲလို့ အမြဲလာဖတ်ပါတယ်။
ReplyDeleteမချစ်ကြည်အေးရေ တလပြည့်မွေးနေ့မှာ မသိလိုက်ဘူး အခုမှရောက်လို့ အခုမှပဲ ဆုတောင်းရတော့မယ်။ တလမှသည် တသက်လုံး မိမိနဲ့ သူတပါး အကျိုးရှိတဲ့ စာလေးတွေ ဆက်ရေးနိုင်ပါစေ။
ReplyDeleteတလပြည့်မှသည် နှစ်ပေါင်းများစွာတိုင်သည်အထိ...
ReplyDeleteရေးချင်တာသာရေးပါ... နှလုံးသားနဲ့ ရေးတဲ့စာတွေကို နှလုံးသားရှိသူတွေက ချစ်တတ်ကြပါတယ်...
ဘက် ဂီယာ မထိုးသေးဘူးလားဟင်..
ReplyDeletesis ရေ....sis ကမှ ကိုယ့် ဘလော့ဂ်လေးကို တစ်လပြည့် အတွက် မှတ်မှတ်ရရ စာရေး လိုက်သေးတယ်နော်၊ ညီမလေးကတော့ ကိုယ့် ဘလော့ဂ်ကို ဘယ်နေ့ကတစ်လပြည့်သွားမှန်းဆိုတာကို မေ့တောင်နေတယ်။ my sis တစ်ယောက် ဒီနေ့ ဒီရက်မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စာတွေ အများကြီးရေးနိုင်ပါစေ.........။
ReplyDelete