Tuesday, November 17, 2009

ချစ်ကြည်အေး နှင့် အင်တာဗျူး

စကားချပ်...

(အောက်ပါ အင်တာဗျုးသည် ခွက်ခွက်လန်မဂ္ဂဇင်းမှ မောင်ဘလာဂေါ်နှင့် ချစ်ကြည်အေးတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃၀ရက်နေ့က ပြုလုပ်ခဲ့ကြသော အိတ်ကလုစစ် အင်တာဗျူး ဖြစ်ချေ၏။ မြန်မာပြည်ရှိ စာစောင်များ၊မဂ္ဂဇင်းများတွင် အုံးအုံး နှင့် ကြွက်ကြွက်
ဖော်ပြပြီးသကာလ ယခုအခါ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီးများ ဖတ်ရှုစေလိုခြင်းအလို့ငှာ ပြန်လည်ဖော်ပြလိုက်ရပေသည်။)

မောင်ဘလာဂေါ်း ခုလိုအင်တာဗျူးခွင့်ပေးတဲ့ ဆရာမ ချစ်ကြည်အေးကို ကျွန်တော်များ ခွက်ခွက်လန် မဂ္ဂဇင်းတိုက် ကိုယ်စား ကျေးဇူးစကား ပဏာမ ပြောကြားလိုပါတယ်။ မေးခွန်းအားလုံး ၅ခု ပြင်ဆင်ခဲ့ပါတယ်၊ ဆရာမ အသင့်ဖြစ်ပါပြီလား ခင်ဗျာ ...

ချစ်း နှုတ်မှမဖြေ၊ ခေါင်းကလေး အသာငဲ့ပြ၏။

ဂေါ်း ဆရာမ မွေးနှစ် သက္ကရာဇ်လေး တဆိတ်သိပါရစေခင်ဗျာ ...
ချစ်း အိုကွယ်...မင်းနှယ် အမျိုးသမီးတယောက်ကို ဒီမေးခွန်း မေးစရာလား၊ မပြောလိုက်ချင်ဘူး, အမကို မွေးပြီးမှ သင်္ကြန်ကျတာ အခါ လေးဆယ်ရှိပြီကွဲ့...

ဂေါ်း ယနေ့ အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်ကြပြီ ဆိုတာနဲ့ ပတ်သက်လို့ ဆရာမရဲ့ စွမ်းဆောင်မှုလေးတရပ် နဲ့ သက်သေပြစေချင်ပါတယ်ခင်ဗျာ..
ချစ်း ခေတ်အဆက်ဆက်မှာ အမတို့ အမျိုးသမီးတွေကချည်း မေတ္တာစာ အပေးခံလာရသမို့လား၊ ဒီတော့ အမလက်ထက်မှာ မေတ္တာစာ ၁၀ စောင် မိတ္တူဆွဲပြီး အမျိုးသား ၁၀ ယောက်ကို တနေ့တည်း အပြတ် လိုက်ပေးခဲ့တယ်လေ...။

ဂေါ်း ဪ...ဪ..စွမ်းစွမ်းတမံပါပဲ ခင်ဗျာ..။ နောက်မေးခွန်း တခု ဆက်ပါအုံးမယ် ။ တိုင်းပြည်အပေါ် အပြုသဘောဆောင်တဲ့ အပြောင်းအလဲလေး တခုလုပ်ပိုင်ခွင့် ရခဲ့ရင် ဆရာမ အနေနဲ့ ဘာများပြောင်းပစ်ချင်ပါသလဲခင်ဗျာ
ချစ်း (အလေးအနက်စဉ်းစားဟန်ဖြင့် တခဏမျှ ငြိမ်သက်ပြီးသော်...)
အင်း....အမတို့ တောင်ကျွန်းသားတွေက ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းလို့ ဆိုရအောင် အတိတ်နမိတ်၊ အခေါ်အဝေါ် တွေကို ဂရုထား ကြတယ် မဟုတ်လား၊ ဒီတော့ အမသာ ပြောင်းလဲခွင့်ရှိမယ်ဆို အမတို့ရဲ့ ငွေကြေးယူနစ်ကို တကျပ်တပြား အစား တချောင်တလည် လို့ ပြောင်းပစ်ချင်တယ်ကွယ် ၊ မင်းပဲ စဉ်းစားကြည့်လေ..လူတွေမှာ စီးပွားရေး ကြပ်တည်းရတဲ့အထဲ ပြားရအုံးမယ် ဆိုတော့...။

ဂေါ်း မှတ်သားလောက်ပါတယ်ခင်ဗျာ..၊ ဆရာမ အခု စင်္ကာပူမှာ ဘလော့ဂ်ရေးနေတယ်လို့ သိရပါတယ်၊ ဒီတော့ ဆရာမရဲ့ ဘလော့ဂ် လူအဖတ်များအောင် ဘယ်လိုများ ပရိုမုတ် လုပ်ပါသလဲ...
ချစ်း ဪ...ဒါကလွယ်ပါတယ်၊ လူအဖတ်များအောင် လူအရည်တွေ စစ်ချလိုက်တာပေါ့ကွယ်...

ဂေါ်း ဗျာ...မနောက်ပါနဲ့ အမရယ်...
ချစ်း မနောက်ပါဘူး မောင်လေးရယ်....။

ဂေါ်း ဟုတ်ကဲ့...နောက်ဆုံးမေးခွန်းပါ ခင်ဗျာ ၊ ဆရာမ ခုလို တမုဟုတ်ချင်း နာမည်ကြီးလာအောင် ဘယ်လိုများ ကြိုးစားရေးခဲ့ပါလဲ ခင်ဗျာ...
ချစ်း ဒါလား...သူများတွေ ဖောင့်ဆိုက် ၁၀ နဲ့ ရေးနေချိန်မှာ အမက ဖောင့်ဆိုက်၄၈နဲ့ ရေးချပစ်လိုက်တယ်လေ...။

ဘဝအမောတွေ ပြေကြပါစေ...။

9 comments:

  1. ဟာသဆိုတာ ရယ်ရအောင်ရေးတတ်ဖို့ တော်တော်ခက်တာ...
    အခုတော့ ဖတ်လိုက်တိုင်း ရယ်နေရတယ်...
    နောက်ကိုလဲ ရယ်စရာတွေနဲ့ အင်တာဗျူးတွေ ရေးပါအုံးနော်...

    ReplyDelete
  2. ရယ်လိုက်ရတာမမရယ်..
    ခွက်ခွက်လန်ပါပဲ..
    အသက်တောင်မနည်းကျန်အောင် ချန်ထားရတယ်..

    အရောင်းကေးလိုက်တာနော်..
    အဟွန်း...အဟွန်း..

    လေးစားချစ်ခင်တဲ့
    ပန်းချီး)

    ReplyDelete
  3. ဆက်ပါဦး မမ
    ဒါမျိုးလေးတွေဆို ကြိုက်တယ်

    ReplyDelete
  4. ဟား..ဟား..မနောက်ပါနဲ့အစ်မရယ်... :)))

    ReplyDelete
  5. ပုံရိပ်လည်း ၄၈နဲ့ လိုက်ရေးရမယ် ဟဲဟဲ။

    ReplyDelete
  6. ဘ၀အမောတွေပြေပါတယ် အမရယ်။
    သင်္ကြန်ကျတာ အခါလေးဆယ်ရှိသွားပြီပေါ့နော်။
    ဒီကတော့ မရှိသေးဘူး။ =)

    ReplyDelete
  7. ရယ်ရတယ်..မချစ်ကြည်အေး
    မထင်ရဘူးး
    မသက်ဝေ သူငယ်ချင်းလို့..
    မသက်ဝေက ရုပ်တည်ကြီးနဲ့ သူများနားမလည်တာတွေချည်း
    ရေးနေတာ...(ဟားဟား..ကဗျာတွေပြောပါတယ်)
    (ဥုံဖွ..မသက်ဝေ ဒီကော်မန့်ကို မဖတ်မိပါစေနဲ့..)

    ReplyDelete
  8. ရယ်လိုက်ရတာ

    ReplyDelete
  9. ဟိုက် အစ်မတို့လုပ်ချပြီဟီး ပိုင်ပါ့ ဟားဟားး)
း)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...